.




ကျန်းမာရေး အသက်အန္တရာယ်ကင်းရှင်းစေရေး

သဘာဝပတ်ဝန်းကျင်မပျက်စီးရေးအတွက် ကြိုတင်အစီရင်ခံစာတင်ပြခြင်း

၁။ H.S.E နှင့်ပတ်သတ်သောလုပ်ငန်းတာဝန်များလုပ်ဆောင်နိုင်စေရန်အတွက်ပထမဦးစွာ ရုံးမှ တာဝန် ရှိသူများမှ ဦးဆောင်ဦးရွက်ပြု၍ လုပ်ငန်းခွင်အတွင်း သင့်တော်သောနေရာများတွင် Sign Board ထားရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း။

H.S.E….. အရွယ်အစား၊ နေရာ

H.S.E …? အဓိပ္ပါယ်ဖော်ဆောင်နေစေရန်၊ တာဝန်ဝတ္တရားများပေါ်လွင်စေရန်၊

၂။ အလုပ်သမားများအားလုံးကို စုပေါင်းခေါ်ယူ၍အုပ်စု၊ အဖွဲ့ငယ်များဖွဲ့စည်း၍ ခေါင်းဆောင်တာဝန် အများ ကို သဘောတူညီမှုနှင့်ဖွဲ့ထားရှိရန်၊

၎င်းခေါင်းဆောင်တို့မှတဆင့်လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားစာရင်း၊ ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်းရှိ / မရှိ တို့ကိုရုံးတွင်သတင်းပို့ထားရမည်။

H.S.E. အဖွဲ့ - ဖွဲ့စည်းခြင်း။

အဖွဲ့တွင် ရုံးတာဝန်ခံများအပြင် အလုပ်သမားအဖွဲ့ခေါင်းဆောင်များပါဝင်စေရမည်။

နေ့စဉ်လုပ်ဆောင်ရမည့်တာဝန်များကို နားလည်သဘောပေါက်စေသိ တိုင်အောင် ရှင်းလင်းပြောကြားရန်။

၎င်းတို့၏ နေ့စဉ်တာဝန်များလုပ်ငန်းခွင်မ၀င်မှီပြင်ဆင်ခြင်း။ အရေးပေါ်အခြေအနေထိန်းသိမ်းခြင်း၊ အချက်ပေးဥသြသံအားခွဲခြားခြင်း တို့ပါဝင်စေရမည်။

လုပ်ငန်းခွင်သို့ဝင်ရန်အတွက် ဥသြ အသံတို သုံးချက် ပေးရမည်။

အသံကြားပါက အလုပ်သမားအားလုံးသည် သတ်မှတ်ထားသောနေရာတွင် လာရောက်တန်းစီရမည်။ ၄င်းကို အဖွဲ့ခေါင်းဆောင်တို့က ကြီးကြပ်ဆောင်ရွက်ရမည်။

လူစစ်ချင်း၊ ကျန်းမာရေးကောင်း/မကောင်း ကာကွယ်ရေးဝတ်စုံပြည့်စုံမှု ရှိ /မရှိ။ အရက်သေစာသောက် ထားခြင်း ရှိ / မရှိ အဓိက ရည်ရွယ်သည်။

H.S.E. _ တာဝန်ခံနှင့်အလုပ်အဖွဲ့မှခေါင်းဆောင်တို့သည်လုပ်ငန်းခွင်ဝင်ရန်နေရာတွင် အန္တရာယ်ရှိနိုင် မရှိ နိုင် ကြိုတင်စစ်ဆေးရမည်။ အန္တရာယ်ရှိအတားအစည်းအားဖယ်ရှားခြင်း၊ ဖြစ်ပေါ်လာနိုင်သောအခြေအနေ ကို သုံးသပ်ပြင်ဆင်၍ တိုင်ပင်ညှိနှိုင်းပြီးမှသာ လုပ်ခွင့်ပြုသင့် မပြုသင့်ဆုံးဖြတ်ပါ။

လက်ရှိလူစာရင်း၊ ပျက်ကွက်စာရင်း - အလုပ် - လုပ်ရန်လုပ်ငန်းခွင်အခြေအနေအား H.S.E ရုံးသို့သတင်း ပို့၍ လုပ်ခွင့်တောင်းခံပါ။

ရုံးမှ လုပ်ခွင့်ပြုပါက ဥသြအသံရှည် တချက် ပေး၍ လုပ်ငန်းခွင်သို့သွားရောက်အလုပ် လုပ်ကိုင်ပါ။

အသံတို သုံးချက်သည် အလုပ်သမားများ လူစုရန်ဖြစ်သည်။

အသံရှည် တချက်သည် လုပ်ငန်းခွင်သို့ဝင်ရန်နှင့် ပြီးဆုံးကြောင်း။

အသံတို နှစ်ချက်နှင့် အသံရှည် တချက် သည် အရေးပေါ်အခြေအနေသတ်မှတ်မည်။

အသံရှည် သုံးချက်သည် မီးဘေးအတွက် အရေးပေါ်အခြေအနေဟု မှတ်ယူမည်။

စည်းကမ်းထိန်းသိမ်းခြင်းအတွက် အဖွဲ့ဝင်(၅)ဦးနှင့် ဖွဲ့စည်းလုပ်ကိုင်ခြင်း။

၎င်းအဖွဲ့အစည်းတွင် အလုပ်သမားအဖွဲ့ခေါင်းဆောင်များပါဝင်စေရမည်။

၎င်းတို့ကို ဆုပေးဒဏ်ပေးစနစ်ဖြင့်ထိန်းသိမ်းသွားမည်။

ဥပမာ- လုပ်ငန်းခွင်တွင် ဦးထုပ်မဆောင်းခြင်း၊ ဖိနပ်မစီးခြင်း၊ ကာကွယ်ရေးကိရိယာများ မသုံးစွဲခြင်းအား ဒဏ်ငွေပေးဆောင်စေခြင်း။

အရက်သေစာသောက်စားထားခြင်း၊ လုပ်ငန်းခွင်အတွင်းအန္တရာယ်ရှိသောပစ္စည်းများစနစ်တကျ မထားခြင်း။ စနစ်တကျအမှိုက်မစွန့်ခြင်းပါဝင်စေသည်။

တစ်လအတွင်း စည်းဖောက်ဖျက်မှုမရှိသူများအား နံမည်ကောင်းလက်မှတ်ပေးခြင်း- လက်ဆောင်ပစ္စည်း ပေးခြင်းတို့ဖြင့် စည်းကမ်းထိန်းသိမ်းခြင်းသည် ကောင်းမွန်သောအဆင့်တစ်ခုဖြစ်သည်ဟု ယူဆမိပါသည်။

မှတ်ချက်။ ။ လုပ်ငန်းခွင်အချိန်အတွင်း အရက်သောက် မသောက်စမ်းသပ်စစ်ဆေးရာ ALCHOL TESTER အထောက်အကူပစ္စည်းဆောင်ထားပါက ငြင်းချက်မရှိ ပိုမို၍ အဆင်ပြေလွယ်ကူ မည် ဖြစ်သည်။ အလုပ်လုပ်ကိုင်နေစဉ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာ များ စည်းကမ်းဖောက်ဖျက်မှုကို အလွယ်တကူသိရှိနိုင်ရေန် CCTV camera တို့တပ်ဆင် အသုံးပြု စောင့်ကြည့်သင့်ပါသည်။

အရေးပေါ်အဖွဲ့ - ဖွဲ့စည်းထားရှိခြင်း။

၎င်းအဖွဲ့ဝင်အားလုံးသည် အလုပ်သမားများဖြစ်သ်။ ၄င်းတို့အား အုပ်စု သုံးစုခွဲခြားထားမည်။ ဖြူ-နီ-ပြာ တပ်ဖွဲ့ထားရှိမည်။ ဥပမာ- မီးလောင်မှု တစုံတရာဖြစ်ခဲ့သော် အနီရောင်အဖွဲ့သည် မီးငြိမ်းသတ်ရန်၊ အပြာရောင် အဖွဲ့သည် အနီရောင်အဖွဲ့၏ လိုအပ်ချက်များ ရေ-သဲ-မီးသတ်ဆေးဗူးစသည်တို့ကို ပံ့ပိုး ပေးရန်။ အဖြူရောင်အဖွဲ့သည် ထိခိုက်ဒဏ်ရာရသောလူများနှင့် မီးလောင်နိုင်သောပစ္စည်းများအား ဘေးကင်းရာသို့ရွှေ့ပြောင်းထားရှိရန်………..စသည်ကဲ့သို့ စနစ်တကျပြုလုပ် ဖွဲ့စည်းထားမည်။ လေ့ကျင့် ထားမည်။၎င်းတို့အား Fire drill-emergency drill- တို့ကို တပတ်လျှင် အနည်းဆုံးတစ်ကြိမ်ကြလေ့ကျင့်မှု ပြုမည်။

0 comments:

Post a Comment